categories

သင့်အသက် 30 ကျော်လာလျှင်အသက် 20 ကဲ့သို့ ဖြစ်လိုပါက သင်၏ ကောင်းသော ငယ်ရွယ်မှု ဗီဇ ပြန်လည်ဝင်ရောက်လာသည်ကို ဆုတော င်းတာထက်ပို ၍ တစ်ခုခု လုပ်ဆောင်ပါ။ ဗစ်တိုးရီးယားဆီးကရက် မော်ဒယ် အက်ဒရီယာနာ လီမာနှင့် အလက်စန်ဒရာအမ်ဘရိုဆီယိုကဲ့သို့ နာမည်ကျော်များစွာ လျှောက်သောလမ်းကို လိုက်ပြီး ကျန်းမာပြီး နုပျိုသော အသားအရည်ကို အနာဂါတ် အချိန်ကြာမြင့်သည်အထိ ပိုင်ဆိုင်နိုင်ရန် အသက်အရွယ်ကြီးခြင်းကို တားဆီးပေးနိုင်သော ဗိုက်တာမင် စီ ဆီရမ် ကိုစွဲစွဲမြဲမြဲ သုံးလိုက်ပါ။ အသက်အရွယ်မရွေး အသားအရည်မရွေး အမျိုးသမီးတိုင်းအတွက် စံနမူနာဗီတာမင် စီ ဆီရမ်၏ အသားအရေ ထိန်းသိမ်းခြင်းရဲ့ အကျိုးကျေးဇူးဟာ များပြားလှပါတယ်။ အထင်ရှားဆုံးဖြစ်သည့် မျက်နှာအရေပြားပေါ်တွင် ဖြစ်ပေါ်လေ့ရှိသည့် သေးငယ်သော လိုင်းထခြင်း၊ တွန့်ခြင်းများအပြင် တင်းတိတ်များကို လျှော့ချပေးခြင်းစသော အကျိုးကျေးဇူးများလဲပါဝင် ပြပါသည်။

 

***ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးခြင်း

အမျိုးသမီး ဖြစ်တည်နေခြင်း၏ အဓိက ဒုက္ခတစ်ရပ်မှာ မျက်နှာအရေပြားပေါ်တွင်သေးငယ်သော လိုင်းထခြင်းနှင့် တွန့်ခြင်းဖြစ်ပါတယ်။ သို့သော်လည်း အသက်အရွယ်ကြီးရင့်ခြင်း အသူတစ်ရာချောက်နက်ကြီးကို အရှုံးပေးလိုက်ခြင်းထက် ဗိုက်တာမင်စီ ထုတ်ကုန်ကို ပုံမှန် အသုံးပြုခြင်းသည် သေးငယ်သောအရေပြား လိုင်းထခြင်း၊ တွန့်ခြင်းများကို ဖြည့်စွက်ပေးနိုင်သော ကော်လာဂျင်(Collagen)ထုတ်လုပ်မှုကို ကူညီအားပေးသည့် အန်တီအောက်စီဒန့်(Antionxidant)ကြွယ်ဝသော ဗိုက်တာမင်စီ ပြည့်ဝစွာပါသောကြောင့် လိုင်းထသော၊ တွန့်သော အသားအရေအသွင်အပြင်ကို ပြန်လည်ပြုပြင်နိုင်ပါသည်။ အကျိုးရလဒ်အားဖြင့် သင်သည် အခြားမည်သည့် စျေးနှုန်းကြီးမြင့်သော အန္တရာယ်ဖြစ်နိုင်ခြေရှိသော အလှကုန်ပစ္စည်း သုံးရန် မလိုအပ်ဘဲ ပိုမိုနုပျိုသည့် အသားအရည်ကို ပိုင်ဆိုင်ရရှိနေသည်ကို တွေ့ရပါလိမ့်မည်။

***နေလောင်ခြင်းမှ အသားအရည်ကို ကာကွယ်ပါ

အသက်အရွယ်ကြီးရင့်ခြင်းကို ကာကွယ်ခြင်း အကျိုးကျေးဇူးအပြင် ဗိုက်တာမင် စီ လိမ်းဆေးသည် သင့်အရေပြားကို ထိခိုက်ခြင်းမှ ကာကွယ်ရန်အတွက်လည်း အလွန် အသုံးဝင်ပါသည်။ အထူးသဖြင့် နေရောင်တွင် ပါသော ယူဗီ အေနှင့် ယူဗီ ဘီ ကို ကာကွယ်ပေးပါသည်။ဗီတာမင် စီ သည် အန်တီအောက်စီဒန့်(Antionxidant)ဖြစ်သောကြောင့် သင့်အရေပြားကို ခွန်အားဖြည့်ရာတွင်လည်းကောင်း အရေပြားပျက်စီးစေသော အရာများကို တိုက်ထုတ်ရာတွင်လည်းကောင်း သဘာဝအတိုင်း ကူညီလုပ်ဆောင်ပေးပါသည်။ဗီတာမင် စီ လိမ်းဆေးသည် နေရောင် ကာကွယ်သော အရာများအတွက် အစားထိုးရန် နည်းလမ်းတစ်ရပ်အဖြစ် မသတ်မှတ်သင့်ပါ။ သို့သော်လည်း ပုံမှန် နေရောင်ကာ လိမ်းဆေးများ နှင့် ပေါင်းစပ် အသုံးပြုသောအခါ ၄င်းသည် သင့်အသားအရည်ကို အံ့သြဖွယ် ပိုမိုကောင်းမွန်အောင် အမှန်တကယ် လုပ်ဆောင်ပေးနိုင်ပါသည်။။

***မျက်လုံးအောက်ရှိ အရစ်များကို လျှော့ချပေးခြင်း
ဗိုက်တာမင် စီ သည် အပြင်အရေပြားတင်းအားကိုပင် ကူညီနိုင်ပြီး မျက်လုံးအောက် အရစ်ပေါ်ခြင်းကိုလည်း လျှော့ချပေးသည်ကိုလည်း တွေ့ရပါသည်။ ၄င်းသည် မျက်လုံးအောက်တွင် အမည်းရောင်အရစ်များကို ဖုံးကွယ်ရန် ကြိုးစားရင်း ပင်ပန်းနေသူများ၊ ပိုမိုနုပျို တောက်ပ စိုလွင်သော အသွင်အပြင် ကို ရရှိခံစားလိုသူများအတွက် အလွန်ပင် ကောင်းမွန်ပါသည်။ ***ပြန်လည်ကုစားနိုင်စွမ်းကို မြင့်တင်ပေးခြင်း ဗိုက်တာမင် စီ ပမာဏ မြင့်မားခြင်းသည် ခန္ဓာကိုယ်၏ သဘာဝ ပြန်လည် ကုစားနိုင်စွမ်း ဖြစ်စဉ်ကို အရှိန်မြင့်တင်ပေးရာတွင် ကူညီနိုင်ကြောင်း လေ့လာတွေ့ရှိချက်များ ရှိပါသည်။ ၄င်းသည် မျက်နှာနှင့် အခြားအရေပြားပေါ်တွင် အသုံးပြုရန်အတွက် စံနမူနာ ဖြစ်သည့်အပြင် သေးငယ်သော ပြတ်ရှဒဏ်ရာများ၊ ဝက်ခြံအမာရွတ်နှင့် အခြားအရေပြားအစက်အပျောက်များကို ပိုမိုလျင်မြန်ထိရောက်စွာ ပြန်လည် ကုစားနိုင်စွမ်း ရှိသော အကူညီကိုပေးပါသည်။ ***အရေပြား အရောင်ပြောင်းခြင်းကို လျော့ကျစေခြင်း သင်သည် အရေပြား နီရဲခြင်း (သို့) အခြားအရောင်ပြောင်းခြင်းကို ခံစားနေရပါက အရည်အသွေးမြင့်ဗီတာမင် စီ ဆီရမ်သည် ပိုမိုညီညာသော အသားအရေတင်းအားနှင့် ပိုမိုကောင်းမွန်သော အသားအရည်ကို ပိုင်ဆိုင်နိုင်အောင် ကူညီနိုင်ပါသည်။ အထူးသဖြင့်ဗီတာမင် စီ သည် ရှက်ရွံ့ဖွယ်ဖြစ်သော အရေပြားနီရဲခြင်းကို လျော့ချရန်အတွက် အလွန်ကောင်းပါသည်။ အကြိမ်အနည်းငယ်သုံးရုံမျှနှင့် သင့်တွင် ပိုမိုညီညာသော အသားအရေ ရရှိပိုင်ဆိုင်ထားသည်ကို တွေ့ရပါလိမ့်မည်။

***အသားအရေကို ပိုမိုနုပျိုစေရန် ထိန်းသိ

သင်သည် မည်သည့်အသက်အရွယ်ဖြစ်စေကာမူ အရေပြားအတွန့်များ လျော့ရဲသော အရေပြား၊ သေးငယ်သော အရေပြားလိုင်းများနှင့် အခြား အသက်ကြီးခြင်း၏ လက္ခဏာများကို ရှောင်ရှားရန် လက်ဦးမှုရယူ ထားခြင်းသည် ကောင်းမွန်သော အတွေး ဖြစ်ပါသည်။ဗီတာမင် စီ သည် သင့်အသားအရေကို ပိုမိုကြာရှည်စွာ နုပျိုအောင် ကော်လာဂျင်(College)ထုတ်လုပ်မှုကို လုပ်ဆောင်ခြင်းသာမကဘဲ သင့်အသားအရေ တင်းအားကို ညီညာချောမွေ့စေခြင်း၊ တောက်ပစေခြင်းဖြင့် ကူညီပေးပါသည် ***အရေပြားပေါ်ရှိ အရည်ဓာတ်နှင့် အစိုဓာတ်ကို တိုးတက်စေသည် သင်သည် အသားအရေခြောက်သွေ့ခြင်းကို ခံစားရပါကဗီတာမင် စီ သုံးကို သုံးရမည် ဖြစ်ပါသည်။ သင်သည် ယခင်က အရေပြားအစိုဓာတ်ထိန်းများနှင့် ခရင်များကို အသုံးပြုပြီး သင့်အသားအရေသည် ခြောက်သွေ့ အလွှာလိုက် ကွာကျနေဆဲ ဖြစ်သည်ကို တွေ့ရှိရပါက ၄င်းသည် အထူးသဖြင့် မှန်ကန်ပြီ ဖြစ်ပါသည်။ဗီတာမင် စီ လိမ်းဆေးထုတ်ကုန်များ နှင့်အတူ သင်သည် အစိုဓာတ်နှင့် အရည်ဓာတ်ကို တိုးမြင့်စေရန် သင့်ခန္ဓာကိုယ်မှ အမှန်တကယ် လိုအပ်သော ဗိုက်တာမင် မြင့်မားစွာပါဝင်မှုကို ရရှိခံစားနိုင်ပါသည်။ ။ -ပိုမိုတောက်ပသော ကျန်းမာသော အသားအရေကို ဖန်တီးပေးသည် သင့်အသားအရေ၏ ခြုံငုံသွင်ပြင်လက္ခဏာကို တိုးတက်စေခြင်းသာမကပဲဗီတာမင် စီ သည် မွဲခြောက်ခြောက် အသားအရေကိုလည်း ပိုမို တောက်ပစေနိုင်ပါသည်။ ပိုမို ကျန်းမာလာအောင် စိုလွင်လာအောင်လည်း လုပ်ပေးပါသည်။ ဗိုက်တာမင် မြင့်မားစွာ ပါဝင်ခြင်းသည် အသားအရေကို ပြန်လည် ဖြည့်တင်းပြီး ပိုမိုကောင်းမွန် ရှင်သန်လာစေပါသည် ။

Insert the content for the left TOOOO column here.

Insert the content for the right column here.

***ရာင်ရမ်းခြင်းကို လျော့ ကျစေခြင်း ဗိုက်တာမင် စီ ပမာဏမြင့်မားစွာ ပါဝင်ခြင်းသည် ရောင်ရမ်းခြင်းကို လျော့ကျစေသော အရည်အသွေးများရှိကြောင်းလည်း တွေ့ရှိရပါသည်။ ၄င်းသည် မနက်ခင်းတွင် ကြည့်မကောင်းသော မျက်လုံးနားတစ်ဝိုက် သို့မဟုတ် အရေပြား/မျက်နှာ အခြားနေရာတစ်ဝိုက်တွင် မို့ဖောင်းခြင်းနှင့်အတူ နိုးထလာတတ်သော သူများအတွက် သုံးစွဲရန်သင့်တော်သည့် စံနမူနာပစ္စည်း ဖြစ်ပါသည်။ဗီတာမင် စီ ဆီရမ် အနည်းငယ်သည် များစွာသော အကျိုးကျေးဇူးကို အထောက်ကူ ပြုပါသည်။ ***နလောင်ဒဏ် ပြန်လည်ကုစားခြင်းကို အရှိန်မြင့်တင်ပေးခြင်း အချုပ်အားဖြင့် ဆိုရသော်ဗီတာမင် စီ သည် သင့်အသားအရေကို နေလောင်ခြင်းမှ ကာကွယ်ပေးသည့်အပြင် နေလောင်ဒဏ်ကို ပြန်လည်ကုစားရာတွင်လည်း အရှိန်မြင့်တင် ကူညီပေးသည့် အကျိုးသက်ရောက်မှုရရှိနိုင်ပါသည်။ သင့် အသားအရေ နေလောင်ခံရပီးနောက် ၄င်းကို လိမ်းကျံပေးပါက ဗိုက်တာမင်သည် ပိုမိုမြန်ဆန်သော ပြန်လည်ကုစားခြင်းကို အားပေးကူညီပါလိမ့်မည်။ ထို့ကြောင့် သင်သည် အသားအရေနီရဲခြင်းကို ပျောက်ကင်းစေပြီး အရေပြားယားယံခြင်း ၊လောင်ကျွမ်းခြင်းနှင့် နေလောင်ခြင်းနှင့် သက်ဆိုင်သော အခြား လက္ခဏာများကို သက်သာစေကြောင်း တွေ့ရှိရပါသည်။ ထိုအရာများသည်ဗီတာမင် စီ ၏ သင့်အသားအရေနှင့် မျက်နှာတို့နှင့် ဆက်နွယ်သည့် များစွာသော အကျိုးကျေးဇူးများထဲမှ အချို့မျှသာ ဖြစ်ပါသည်။ သင်သည်ဗီတာမင် စီ ပါဝင်သော လိုးရှင်း၊ ခရင်နှင့် အခြား အစိုဓာတ်ထိန်းများကို သင်နေထိုင်ရာအနီးအနားရှိ ဆေးဆိုင်တွင် အလွယ်တကူ ဝယ်ယူရနိုင်စဉ်တွင် သင့်အသားအရေအတွက် ကောင်းမွန်သော ရလဒ်ကောင်းများရရှိနိုင်မည့် အလွန်မြင့်မားသော ဗိုက်တာမင်လိုအပ်ကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထို့ကြောင့် သင်သည် အခြေခံ လိုးရှင်း သို့မဟုတ် ခရင်ကို အသုံးပြုခြင်းထက် ပြင်းအားမြင့်ဆီရမ် ကို သုံးရန် တိုက်တွန်းရခြင်း ဖြစ်ပါသည်။ ***ဗိုက်တာမင် စီ ဆီရမ်အကြောင်း ဗိုက်တာမင် စီ သည် ခန္ဓာကိုယ်မှ အကြောင်းပြချက်ပေါင်းများစွာအတွက် လိုအပ်သော မရှိမဖြစ်သည့် ဗိုက်တာမင် ဖြစ်ပါသည်။ သို့သော်လည်း ၄င်းသည် အရေပြားအတွက် အထူးသဖြင့် မျက်နှာတစ်ဝိုက်အတွက် အကျိုးအများဆုံးဖြစ်ကြောင်း သက်သေပြထားပါသည်။ ထိုအကြောင်းပြချက်ကြောင့် လူအများစုသည် နူးညံ့သော မျက်နှာအသားအရေ ပိုင်ရှင်များ အသုံးပြုရန်အတွက် ထုတ်လုပ်ထားသည့်ဗီတာမင် စီ မြင့် ဆီရမ်ကဲ့သို့ဗီတာမင် စီ ပါဝင်သော အသားအရေထိန်းသိမ်းသည့် ကုန်ပစ္စည်းများ ကို ယနေ့ခေတ်တွင် တွင်ကျယ်စွာ အသုံးပြုလာကြသည်။ အခြေခံအားဖြင့်ဗီတာမင် စီ ဆီရမ်သည်ဗီတာမင် စီ မြင့်မားစွာ ပါဝင်သော ဆီနှင့် ရေအခြေခံ အရည်တစ်မျိုးဖြစ်သောကြောင့် အခြား ခရင်နှင့် အခြားဗီတာမင် စီ ပါဝင်သော ကုန်ပစ္စည်းများနှင့် ကွာခြားပါသည်။ ၎င်းသည် ကုန်ပစ္စည်း၏ အရည်အသွေးကို အပြည့်အဝ ရစေနိုင်ပြီး ပိုမိုထင်ရှားသည့် ရလဒ်ကောင်းများကို မြင်တွေ့နိုင်သည်အထိ ဗိုက်တာမင်စီ ထူးခြားမြင့်မားစွာ ပါဝင်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ ***ဘာကြောင့် အသုံးပြုသင့်သနည်း လူများအစုသည် အခြားသော ဓာတ်တု ဆီရမ်များနှင့် အသားအရေ ထိန်းသိမ်း သည့် ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင်ဗီတာမင် စီ လိမ်းဆေးကို ရွေးချယ်ကြသည်။အဘယ်ကြောင့်ဆိုသော်ဗီတာမင် စီ ဆီရမ်သည် လုံးဝ သဘာဝအတိုင်း ဖြစ်သောကြောင့် ဖြစ်သည်။ သင့်အသားအရေအား ဆိုးရွားစွာ တုံ့ပြန်မည်ကို စိုးရိမ်နေရန် မလိုပါ။အဘယ်ကြောင့်ဆိုသော် ပြင်ထန် ကြမ်းတမ်းသော ဓာတုပစ္စည်း သို့မဟုတ် မသေချာ မရေရာသည့် ပါဝင်ပစ္စည်းများ မပါဝင်သောကြောင့် ဖြစ်ပါသည်။ ရလဒ်အားဖြင့်ဗီတာမင် စီ ဆီရမ်များကို နေ့စဉ် အသုံးပြုနိုင်ရန်အတွက် နူးညံ့ပျော့ပျောင်းအောင် ဖော်ထုတ် လုပ်ဆောင်ထားပါသည်။ လွယ်လွယ်ပြောရလျှင် စျေးကွက်အတွင်းရှိ များစွာသော အခြား အသားအရေထိန်းသိမ်းသည့် ကုန်ပစ္စည်းများသည် ဤကဲ့သို့ မပြောနိုင်ကြပါ။ ***ဘယ်လို အသုံးပြုမည်နည်း ဗိုက်တာမင် စီ လိမ်းဆေးကို အသုံးပြုရန် အကောင်းဆုံးနည်းလမ်းမှာ ခြောက်သွေ့ သန့်ရှင်းသည့် သင့်အသားအရေ ပေါ်သို ့လိမ်းဆေးအနည်းငယ်ကို တစ်နေ့တစ်ကြိမ်၊ နှစ်ကြိမ် (သင့်အသားအရေ အမျိုးအစားအပေါ် မူတည်၍) ရိုးရှင်းစွာ ပွတ်သပ်လိမ်းပေးပါ။ ၄င်းအား သင်မိတ်ကပ် မလိမ်းမှီအချိန်တွင် ဦးစွာ လိမ်းသင့်ပါသည်(ခြောက်သွေ့အောင် အချိန်ပေးပါ)။သို့သော် သင် နေ့စဉ်သုံး မျက်နှာလိမ်းတိုနာ ကို (သင်တစ်ခုခုကို အသုံးပြုဖို့ ရွေးချယ်သင့်) အသုံးပြုပြီးနောက်တွင် လိမ်းပေးပါက အသင့်တော်ဆုံးဖြစ်ပြီး ထိုမှတစ်ဆင့် သင့်ပုံမှန် လိမ်းနေကျ မိတ်ကပ်နှင့် အခြားအသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများ ကို ဆက်လက်လိမ်းသင့်ပါသည်။