categories

 

သင့်အသက် 40 ကျော်လာလျှင်အသက် 20 ကဲ့သို့ ဖြစ်လိုပါက သင်၏ ကောင်းသော ငယ်ရွယ်မှု ဗီဇ ပြန်လည်ဝင်ရောက်လာသည်ကို ဆုတော င်းတာထက်ပို ၍ တစ်ခုခု လုပ်ဆောင်ပါ။ ဗစ်တိုးရီးယားဆီးကရက် မော်ဒယ် အက်ဒရီယာနာ လီမာနှင့် အလက်စန်ဒရာအမ်ဘရိုဆီယိုကဲ့သို့ နာမည်ကျော်များစွာ လျှောက်သောလမ်းကို လိုက်ပြီး ကျန်းမာပြီး နုပျိုသော အသားအရည်ကို အနာဂါတ် အချိန်ကြာမြင့်သည်အထိ ပိုင်ဆိုင်နိုင်ရန် အသက်အရွယ်ကြီးခြင်းကို တားဆီးပေးနိုင်သော ဗိုက်တာမင် စီ ဆီရမ် ကိုစွဲစွဲမြဲမြဲ သုံးလိုက်ပါ။ အသက်အရွယ်မရွေး အသားအရည်မရွေး အမျိုးသမီးတိုင်းအတွက် စံနမူနာဗီတာမင် စီ ဆီရမ်၏ အသားအရေ ထိန်းသိမ်းခြင်းရဲ့ အကျိုးကျေးဇူးဟာ များပြားလှပါတယ်။ အထင်ရှားဆုံးဖြစ်သည့် မျက်နှာအရေပြားပေါ်တွင် ဖြစ်ပေါ်လေ့ရှိသည့် သေးငယ်သော လိုင်းထခြင်း၊ တွန့်ခြင်းများအပြင် တင်းတိတ်များကို လျှော့ချပေးခြင်းစသော အကျိုးကျေးဇူးများလဲပါဝင် ပြပါသည်။

 

 

ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးခြင်း


အမျိုးသမီး ဖြစ်တည်နေခြင်း၏ အဓိက ဒုက္ခတစ်ရပ်မှာ မျက်နှာအရေပြားပေါ်တွင်သေးငယ်သော လိုင်းထခြင်းနှင့် တွန့်ခြင်းဖြစ်ပါတယ်။ သို့သော်လည်း အသက်အရွယ်ကြီးရင့်ခြင်း အသူတစ်ရာချောက်နက်ကြီးကို အရှုံးပေးလိုက်ခြင်းထက် ဗိုက်တာမင်စီ ထုတ်ကုန်ကို ပုံမှန် အသုံးပြုခြင်းသည် သေးငယ်သောအရေပြား လိုင်းထခြင်း၊ တွန့်ခြင်းများကို ဖြည့်စွက်ပေးနိုင်သော ကော်လာဂျင်(Collagen)ထုတ်လုပ်မှုကို ကူညီအားပေးသည့် အန်တီအောက်စီဒန့်(Antionxidant)ကြွယ်ဝသော ဗိုက်တာမင်စီ ပြည့်ဝစွာပါသောကြောင့် လိုင်းထသော၊ တွန့်သော အသားအရေအသွင်အပြင်ကို ပြန်လည်ပြုပြင်နိုင်ပါသည်။ အကျိုးရလဒ်အားဖြင့် သင်သည် အခြားမည်သည့် စျေးနှုန်းကြီးမြင့်သော အန္တရာယ်ဖြစ်နိုင်ခြေရှိသော အလှကုန်ပစ္စည်း သုံးရန် မလိုအပ်ဘဲ ပိုမိုနုပျိုသည့် အသားအရည်ကို ပိုင်ဆိုင်ရရှိနေသည်ကို တွေ့ရပါလိမ့်မည်။

 

 

နလောင်ခြင်းမှ အသားအရည်ကို ကာကွယ်ပါ


အသက်အရွယ်ကြီးရင့်ခြင်းကို ကာကွယ်ခြင်း အကျိုးကျေးဇူးအပြင် ဗိုက်တာမင် စီ လိမ်းဆေးသည် သင့်အရေပြားကို ထိခိုက်ခြင်းမှ ကာကွယ်ရန်အတွက်လည်း အလွန် အသုံးဝင်ပါသည်။ အထူးသဖြင့် နေရောင်တွင် ပါသော ယူဗီ အေနှင့် ယူဗီ ဘီ ကို ကာကွယ်ပေးပါသည်။ဗီတာမင် စီ သည် အန်တီအောက်စီဒန့်(Antionxidant)ဖြစ်သောကြောင့် သင့်အရေပြားကို ခွန်အားဖြည့်ရာတွင်လည်းကောင်း အရေပြားပျက်စီးစေသော အရာများကို တိုက်ထုတ်ရာတွင်လည်းကောင်း သဘာဝအတိုင်း ကူညီလုပ်ဆောင်ပေးပါသည်။ဗီတာမင် စီ လိမ်းဆေးသည် နေရောင် ကာကွယ်သော အရာများအတွက် အစားထိုးရန် နည်းလမ်းတစ်ရပ်အဖြစ် မသတ်မှတ်သင့်ပါ။ သို့သော်လည်း ပုံမှန် နေရောင်ကာ လိမ်းဆေးများ နှင့် ပေါင်းစပ် အသုံးပြုသောအခါ ၄င်းသည် သင့်အသားအရည်ကို အံ့သြဖွယ် ပိုမိုကောင်းမွန်အောင် အမှန်တကယ် လုပ်ဆောင်ပေးနိုင်ပါသည်။

မျက်လုံးအောက်ရှိ အရစ်များကို လျှော့ချပေးခြင်း


ဗိုက်တာမင် စီ သည် အပြင်အရေပြားတင်းအားကိုပင် ကူညီနိုင်ပြီး မျက်လုံးအောက် အရစ်ပေါ်ခြင်းကိုလည်း လျှော့ချပေးသည်ကိုလည်း တွေ့ရပါသည်။ ၄င်းသည် မျက်လုံးအောက်တွင် အမည်းရောင်အရစ်များကို ဖုံးကွယ်ရန် ကြိုးစားရင်း ပင်ပန်းနေသူများ၊ ပိုမိုနုပျို တောက်ပ စိုလွင်သော အသွင်အပြင် ကို ရရှိခံစားလိုသူများအတွက် အလွန်ပင် ကောင်းမွန်ပါသည်။

ပြန်လည်ကုစားနိုင်စွမ်းကို မြင့်တင်ပေးခြင်း


ဗိုက်တာမင် စီ ပမာဏ မြင့်မားခြင်းသည် ခန္ဓာကိုယ်၏ သဘာဝ ပြန်လည် ကုစားနိုင်စွမ်း ဖြစ်စဉ်ကို အရှိန်မြင့်တင်ပေးရာတွင် ကူညီနိုင်ကြောင်း လေ့လာတွေ့ရှိချက်များ ရှိပါသည်။ ၄င်းသည် မျက်နှာနှင့် အခြားအရေပြားပေါ်တွင် အသုံးပြုရန်အတွက် စံနမူနာ ဖြစ်သည့်အပြင် သေးငယ်သော ပြတ်ရှဒဏ်ရာများ၊ ဝက်ခြံအမာရွတ်နှင့် အခြားအရေပြားအစက်အပျောက်များကို ပိုမိုလျင်မြန်ထိရောက်စွာ ပြန်လည် ကုစားနိုင်စွမ်း ရှိသော အကူညီကိုပေးပါသည်။

 

 

 အရေပြား အရောင်ပြောင်းခြင်းကို လျော့ကျစေခြင်း


သင်သည် အရေပြား နီရဲခြင်း (သို့) အခြားအရောင်ပြောင်းခြင်းကို ခံစားနေရပါက အရည်အသွေးမြင့်ဗီတာမင် စီ ဆီရမ်သည် ပိုမိုညီညာသော အသားအရေတင်းအားနှင့် ပိုမိုကောင်းမွန်သော အသားအရည်ကို ပိုင်ဆိုင်နိုင်အောင် ကူညီနိုင်ပါသည်။ အထူးသဖြင့်ဗီတာမင် စီ သည် ရှက်ရွံ့ဖွယ်ဖြစ်သော အရေပြားနီရဲခြင်းကို လျော့ချရန်အတွက် အလွန်ကောင်းပါသည်။ အကြိမ်အနည်းငယ်သုံးရုံမျှနှင့် သင့်တွင် ပိုမိုညီညာသော အသားအရေ ရရှိပိုင်ဆိုင်ထားသည်ကို တွေ့ရပါလိမ့်မည်။

 

Buy Now