ဗီတာမင်စီနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်မျာ

 

Vitamin C

 



အသားအရေ လှပမှုအတွက် အဓိက အရေးပါတာက ဗီတာမင်စီဖြစ်ပြီး အခုနောက်ပိုင်းအလှကုန် ပစ္စည်းတွေမှာ ဗီတာမင်စီပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူလာကြပါတယ်။ဗီတာမင်စီကို Serum, Moisturizer တွေမှာ အများစု တွေ့ရတတ်ပါတယ်။ အခု အရေပြားအတွက် ဗီတာမင်စီရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးသွားပါမယ်။

(၁) ကိုလာဂျင် ထုတ်လှုပ်မှုကို တိုးပွားစေတယ်

အသက်အရွယ် ကြီးလာခြင်းနဲ့ နေရောင်တွေက ကိုလာဂျင်ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ကိုလာဂျင်ထုတ်လုပ်မှု လျော့နည်းတဲ့အခါ အရေးကြောင်းနဲ့ အိုမင်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဗီတာမင်စီက ကိုလာဂျင် ထုတ်လုပ်မှုကို အားပေးတာကြောင့် အရွယ်တင် နုပျိုစေပါတယ်။

(၂) အမည်းစက်တွေကို လျော့ပါးစေတယ်

ဗီတာမင်စီက အမည်းစက် လျော့ပါးပြီး သင့်အသားအရေကို ပိုလင်းလက်စေပါတယ်။ မယ်လနင် ထုတ်လုပ်မှုကို ဟန့်တားတာကြောင့် အသားအရေ ညစ်နွမ်းမှုကိုလည်း လျော့နည်းစေပါတယ်။

(၃) ပြန်လည် ပြုပြင်ပေးတယ်

အသက်အရွယ်ရလို့ ဖြစ်လာတဲ့ အရေးကြောင်းနဲ့ နေလောင်ဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ အရေပြားကို ဗီတာမင်စီက ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီလို အသားအရေအတွက် ကောင်းကျိုးတွေ အများကြီးပေးတဲ့ ဗီတာမင်စီကို သုံးတော့မယ်ဆိုရင် မျက်နှာသစ်ပြီးခါစမှာ အသားထဲ စိမ့်ဝင်အောင် လိမ်းပါ။

တိုနာသုံးမယ်ဆိုရင်တော့ တိုနာကို အရင်ခြောက်အောင်ထားပြီး ဗီတာမင်စီ Serum ကို လိမ်းပါ။ လက်ချောင်းလေးတွေနဲ့ ပုတ်ပြီးမျက်နှာနဲ့ လည်ပင်းတဝိုက်ကို လိမ်းပေးပါ။ သုံးရမယ့် ပမာဏက အစက် ၃၊ ၄ စက်လောက်ချပြီး သုံးရင် ရပါပြီ။

ဗီတာမင်စီ Serum တွေကို သိမ်းထားမယ်ဆိုရင် အေးမြပြီးအလင်းရောင်နဲ့ဝေးတဲ့နေရာတွေမှာ သိမ်းပါ။ ဒါ့အပြင်မှောင်တဲ့ နေရာမျိုးတွေမှာ ပိုသိမ်းထားသင့်ပြီး လေနဲ့မထိတွေ့အောင် သတိပြုပါ။ အောက်ဆီဂျင်က ဗီတာမင်စီကို ဓာတ်ပျက်စေတာမလို့ ဘူးကို ဖွင့်ပြီးတာနဲ့ လေလုံအောင် ပြန်ပိတ်ပါ။

ဒီလိုမျိုး ဗီတာမင်စီပါတဲ့ Serum မျိုးကို သုံးမယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်းသိထားဖို့ လိုပါတယ်။ Ph level (3.5) လောက်ပါဝင်တဲ့ ဗီတာမင်စီ Serum မျိုးသာ သုံးသင့်ပါတယ်။ ဒါက စုပ်ယူမှုအားကောင်းပြီး သင့်အရေပြားအောက်ထိ ရောက်စေပါတယ်။ သင်က Sensitive Skin ရှိတယ်ဆိုရင် Ph level နည်းတာကို မသုံးသင့်ပါဘူး။

ဗီတာမင်စီ Serum တွေ Oxidized ဖြစ်မဖြစ် အရောင်နဲ့ အနံ့ကို အမြဲ စစ်ဆေးပေးသင့်ပါတယ်။ အရောင်က အဖြူသို့ အရည်ကြည်ပုံစံ ရှိပြီး စစ်ဆေးတဲ့အခါ မှောင်တဲ့ဘက်သွားနေတယ်ဆိုရင် သင့် Serum က Oxidized ဖြစ်နေပါပြီ။ ဗီတာမင်စီ Serum က အနံ့ မရှိပါဘူး။ သင်နမ်းကြည့်တဲ့အခါ ချဉ်စူးစူး အနံ့မျိုး ရနေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး။

ဒါဆိုရင်တော့ ဗီတာမင်စီအကြောင်း အနည်းအကျဉ်း သိလောက်ပြီ ထင်ပါတယ်။



Serum ဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက အသုံးပြုလာခဲ့တဲ့ ထင်ပေါ်ကျော်ကြားတဲ့ skincare လို့ ပြောရင် မမှားပါဘူး။ ဒါပေမယ့် အမျိုးသမီးအများစုဟာ serum ဆိုတာဘာလဲ၊ ဘာအတွက် အသုံးပြုလဲဆိုတာကို သေချာမသိကြပါဘူး။
Serum ဆိုတာ active ingredients တွေ အများကြီး ပါဝင်တဲ့ skincare တစ်မျိုး ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ အရေးအကြောင်းတွေကို လျှော့ချပေးတဲ့ hyaluronic acid ၊ အသားအရေကို တောက်ပစေပြီး အမည်းစက်တွေကို ပြေလျော့စေတဲ့ ဗီတာမင် စီနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးတဲ့ glycolic acid တို့ပါဝင်ပါတယ်။ Serum ရဲ့ အဓိက formula ကတော့ ရေဓာတ်ကို အခြေခံထားပြီး ဆီလီကွန်လိုမျိုး အသားအရေကို ချောမွေ့စေပါတယ်။ အခုနောက်ပိုင်း အရေပြားမှာ အညိုကွက် ပေါ်တာတွေ၊ အရေးအကြောင်းတွေ နဲ့ အသားအရေထိုင်းမှိုင်းတာတွေအတွက် အသုံးပြုရတဲ့ serum တွေ အများကြီးပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
Serum ကို သုံး ၊ လေးဘူး အသုံးပြုတာထက် မိမိရဲ့အသားအရေနဲ့ လိုက်ဖက်တဲ့ ပါဝင်ပစ္စည်းတွေ ပါတဲ့ serum တစ်မျိုးတည်းနဲ့တင် လုံလောက်ပါတယ်။ Serum ကိုလိမ်းဖို့ အကောင်းဆုံးအချိန်ကတော့ ညမအိပ်ခင် အချိန်ဖြစ်ပါတယ်။ ဒါမှသာ serum က အရေပြားပေါ်မှာ အချိန်ကြာကြာတည်ရှိနေမှာ ဖြစ်ပါတယ်။
Serum ကို မှန်မှန်ကန်ကန် နဲ့ ပုံမှန်အသုံးပြုပေးရင် ရရှိမယ့် သိသာကွဲပြားမှုက အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ပြီး toner အသုံးပြုပြီးတဲ့အခါ serum ကိုအသုံးပြုပေးပါ။ Serum ကို အသုံးပြုတဲ့အခါ လည်ပင်း နဲ့ ရင်ဘတ်အပေါ်ပိုင်းကို လိမ်းဖို့ မမေ့ပါနဲ့။ နောက်တစ်ချက်က Serum လိမ်းတဲ့အခါ အကြွေစေ့ အရွယ်လောက် အသုံးပြုရုံနဲ့တင် လုံလောက်ပါတယ်။ အချို့အမျိုးသမီးတွေက skincare များများလိမ်းရင် ပိုကောင်းတယ် ထင်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့အသားအရေဟာ သူလိုအပ်သလောက်ကိုပဲ စုပ်ယူပါတယ်။ အပိုတွေ လိမ်းမိရင် အလဟဿ ဖြစ်တတ်တာကြောင့် အနည်းငယ်ပဲ လိမ်းပါ။
သင် အသုံးပြုတဲ့ serumပေါ် မူတည်ပြီး အသားအရေ ပြောင်းလဲတိုးတက်လာမှုကို လက်ငင်းမြင်တွေ့ရမှာပါ။ အများအားဖြင့်တော့ ၄ ပတ်လောက် ပုံမှန် အသုံးပြုပေးရင် သိသာထင်ရှားတဲ့ ရလဒ်ကို မြင်တွေ့ရပါတယ်။ Serum ရဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားကြည့်ရင် Serum ဟာ သင့်ရဲ့ skincare routine မှာ မရှိမဖြစ် ဆောင်ထားရမယ့် ပစ္စည်းဆိုတာ သိသွားမှာ သေချာပါတယ်။

ဗီတာမင်စီနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်မျာ

ဘယ်မှာဝယ်ရမလဲ?  

vitamin c

USA သငျသညျကိုပဌနာသို့မဟုတ်စာသားကျေးဇူးပြုပြီးဘယ်လိုအွန်လိုင်းအလို့ငှာမသိကြပါလျှင် link ကိုအောက်တွင်ရုံးမှ site ကို! 832-221-6851

သငျသညျရန်ကုန်သို့တင်ပို့ဤနေရာတွင်မြန်မာအမိန့်မှတင်ပို့လိုပါကv

vitamin c

 

FREE SHIPPING & EASY RETURNS

All items ship FREE, no minimum purchase required. Orders ship within 2 business days and will arrive within 2-6 business days.

EASY RETURNS

Every order comes with a 30-day money-back guarantee. If you're not satisfied for any reason, let us know and we'll send you a return label.