categories

ဗီတာမင် B12

 

  • Folic Acid (ဖောလစ်အက်ဆစ်)

Vitamin B အုပ်စုဝင်တစ်မျိုးဖြစ်တဲ့ Folic Acid (ဖောလစ်အက်ဆစ်) သည် ဗီတာမင် B12 နှင့် အမြဲတွဲနေပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝတွင်ဖောလစ်အက်ဆစ်ဟူ၍မရှိပါ။ အစားအသောက်များတွင် ဖောလိတ် (Folat) ဟုခေါ်သောဓာတုပစ္စည်းများပါဝင်ပြီး ၄င်းကို B12 က ဖောလစ်အက်ဆစ်အဖြစ် ပြောင်းလဲပေးသဖြင့် ပြောင်းလဲပေးသဖြင့် ခန္ဓာကိုယ်မှ အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်ထဲမှာ B12 ချို့တဲ့လျှင် ဖောလစ်အက်ဆစ်ပါ ချို့တဲ့နိုင်သည်။
အသီးအရွက်များ၊ အသည်းအမြစ်ကလီစာများမှ ရရှိနိုင်သည်။ ဖော်လစ်အက်ဆစ်သည် အစားအစာများမှ အလွယ်တကူဆုံးရှုံးသွားတတ်သည့် အာဟာရဓါတ်တစ်မျိုး ဖြစ်သည်။ အစားအစာများကိုအပူပေး၍ ချက်ပြုတ်ခြင်းကြောင့်သာမက ကြာရှည်သိမ်းဆည်းထားရုံနှင့်ပင် ဆုံးရှုံးသွားနိုင်ပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်များကိုလတ်လတ်ဆတ်ဆတ် စားသုံးခြင်း၊ အပူပြင်းပြင်းမပေးဘဲစားသုံးခြင်း၊ သစ်သီးဖျော်ရည်များကိုလတ်လတ်ဆတ်ဆတ် စားသုံးခြင်း၊ အပူပြင်းပြင်းမပေးဘဲစားသုံးခြင်း၊ သစ်သီးဖျော်ရည်များကိုလတ်လတ်ဆတ်ဆတ်သောက်သုံးခြင်းတို့သည် အစားအစာမှ ဖောလစ်အက်ဆစ်ကိုအပြည့်အဝရရှိစေနိုင်မည့် နည်းလမ်းများ ဖြစ်သည်။
Folic Acid (ဖောလစ်အက်ဆစ်) သည် ဗီတာမင် B12 နှင့် အသုံးဝင်ပုံခြင်းတူညီသည်။ သွေးနီဥများထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သောဗီတာမင်ဖြစ်သည်။ ဦးနှောက်အာရုံကြောဆဲလ်များပုံမှန်အလုပ်လုပ်ရန် ဖောလစ်အက်ဆစ်လိုအပ်သည်။ ခန္ဓာကိုယ်အတွင်းကလပ်စည်းဆဲလ် ( cell ) များအားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် နူကလီယစ်အက်ဆစ် (Nuclieic Acid) ဖြစ်သည်။ DNA, RNA နှင့် ပရိုတိန်းများတည်ဆောက်ရေးလုပ်ငန်းတွင် အဓိကပါဝင်နေသည့်ဗီတာမင်တစ်မျိုး ဖြစ်သည်။ လျှာ၊ အစာလမ်းကြောင်း (အူ) ၏ အပေါ်ယံအမြှေးများမှ ဆဲလ်များသက်တမ်းတိုသော (သို့) အဟောင်းပျက်ပြီးအသစ်ဖြစ်ခြင်း မြန်ဆန်သောဆဲလ်များအတွက် အထူးလိုအပ်ပါသည်။
Folic Acid (ဖောလစ်အက်ဆစ်) ချို့တဲ့လျှင် သွေးအားနည်းရောဂါဖြစ်ခြင်း၊ လျှာနီရဲပြီးရောင်ရမ်းခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ ခန္ဓာကိုယ် ပုံပျက်ပန်းပျက်ဖြစ်ခြင်း၊ သန္ဓေသားများတွင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာမွေးရာပါအင်္ဂါချို့ယွင်းမှုများ ဖြစ်ပွားတတ်သည်။
Folic Acid (ဖောလစ်အက်ဆစ်) ချို့တဲ့နိုင်သူများကတော့ အရက်ကြောင့်အသည်းရောဂါဖြစ်သူများတွင် အဓိကချို့တဲ့သည်။ အရက်အလွန်အကျွံသောက်သူများ၊ အသက်အရွယ်ကြီးသူများ၊ အစာအိမ်ရောဂါပျောက်ဆေး၊ ကိုယ်ဝန်ထားဆေးသုံးစွဲသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သွေးနီဥပေါက်ကွဲသောသာလာဆီးမီးယားရောဂါဖြစ်သူများတွင် ချို့တဲ့နို်င်ပါသည်။

 

  • သက်သတ်လွတ်စားတဲ့အခါ အရေးကြီးတဲ့ အာဟာရဓာတ်တွေ ချို့တဲ့ရင် ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်သမားတွေ သတိပြုသင့်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။


ဗီတာမင် B12

ဗီတာမင် B12 ဟာ သက်သတ်လွတ်စားသူတွေ ရရှိဖို့ခက်ခဲတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ ဒီဗီတာမင် B12 ဟာ မျိုးအောင်နိုင်ဖို့၊ အစာကြေညက်စေဖို့နဲ့ ဆဲလ်တွေ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အသုံးဝင်ပါတယ်။ B12 ဟာ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အိပ်စက်မှုစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဗီတာမင် B12 ကို ခန္ဓာကိုယ်ထဲ ငါးနှစ်ကျော်ကြာ သိုလှောင်ထားနိုင်တဲ့အတွက် ချို့တဲ့မှုက ချက်ချင်းမပြသနိုင်ပါဘူး။ ဗီတာမင် B12 ကို အပင်ထွက်အစာ၊ အားဖြည့်ကွေကာတွေမှာ တွေ့ရပေမယ့် ပမာဏအလုံအလောက် ရရှိဖို့အတွက် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ သတိပြုရမယ့်အချက်က ပဋိသန္ဓေတားဆေးတွေဟာ အရက်လိုပဲ ဗီတာမင် B12 အာနိသင်ကို လျော့ကျစေပါတယ်။
Vitamin B12 (Cyanocobalamine)
ဗီတာမင် B12 (စိုင်ရာနိုကိုဘယ်လမင်း) ကို Folic acid နှင့် အမြဲတွဲဆက်လျှက် တွေ့ရသည်။
သွေးနီဥ (Red Blood Cell) များထုတ်လုပ်ရာတွင် မရှိမဖြစ် ဗီတာမင်တစ်ခုဖြစ်သည်။ B12 သည် အာရုံကြောအပေါ်ယံလွှာ ကြံ့ခိုင်ရေးအတွက် အလွန်အရေးပါသည်။ ခန္ဓာ ကိုယ် ကလာပ်စည်းများပွားများရေးအတွက် မရှိမဖြစ်လိုအပ်သည့် DNA ထုတ်လုပ်ရာတွင် B12 နှင့် Folic Acid တို့သည် အတူဆောင်ရွက်ကြပါသည်။
​ Vitamin B12 ကိုအသား၊ ငါး၊ ကြက်ဥ၊ နွားနို့များတွင် ပါဝင်သည်။ ချက်ပြုပ်လိုက်ရုံဖြင့် မပျက်စီးနိုင်ပါ။ အသီးအနှံများတွင် Vitamin B12 မပါဝင်ပါ။
Vitamin B12 ချို့တဲ့လျှင် စိတ်အပြောင်းအလဲမြန်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ အလိုလိုစိတ်တိုခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ လျှာမှာနီရဲပြီးရောင်ရမ်းနေခြင်း၊ အောက်ပိုင်းသေခြင်း၊ လေဖြတ်နိုင်ခြင်း၊ အဓိကအနေ ဖြင့် ပြင်းထန်သောသွေးအေးနည်းရောဂါ၊ အာရုံကြောအားနည်းရောဂါများ ဖြစ်ပေါ်တတ်သည်။
Vitamin B12 ချို့တဲ့နိုင်သူများကတော့ အရက်အလွန်အကျွံသောက်သူများ၊ သက်သတ်လွတ်စားသူများ၊ အသက်ကြီးသူများ (အသက် ၆၀ အထက်) (အသက်ကြီးလာပါကအစာအိမ်ထဲမှာအက်ဆစ်ဓါတ်ကျဆင်းလာသဖြင့် Vitamin B12 စုပ်ယူနှုန်းကျသွားသည်။)၊ အစာအိမ်ဆေးများကိုရေရှည်စွဲသောက်နေရသူများတွင် ချို့တဲ့နိုင်ပါသည်။